သင်မသိသေးတဲ့ သာသနာ့ အလံအကြောင်း

October 12, 2017
သာသနာ့ အလံနဲ့ ပတ်သက်ပြီး လူအတော်များများ မသိသေးတဲ့ အကြောင်းတွေ ရှိပါသေးတယ်။ အဲဒါကတော့ သာသနာ့ အလံမှာ အသုံးပြုထားတဲ့ အရောင်တွေရဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။




သာသနာ့ အလံကို စတင်တီထွင်တဲ့သူကတော့ အမေရိကန်လူမျိုး ဗိုလ်မှူးကြီး ဟင်နရီစတီးလ်အော့လ်တေကာ့ (Col.Henry Steele Olcott) ဆိုသူပဲ ဖြစ်ပါတယ်။ စတင် တီထွင်တဲ့ နှစ်ကတော့ (၁၇.၄.၁၈၈၅) ခုနှစ်ဖြစ်ပြီး စတင် လွှင့်ထူတဲ့ နှစ်ကတော့ (၂၈.၅.၁၈၈၅) ခုနှစ် ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံး လွှင့်ထူတဲ့ နှစ်ကတော့ (၂၅.၅.၁၉၅၀) နှစ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စတင်လွှင့်ထူတဲ့နှစ်ကတော့ ဆဌသင်္ဂါယနာတင်ချိန် သာသနာနှစ် (၂၅၀၀) ခုနှစ်၊ ခရစ်နှစ် (၁၉၅၆) ခုနှစ် ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေကတော့ လူတိုင်းသိပြီး ဖြစ်ပေမယ့် မသိနိုင်တဲ့ အချက်တွေရှိပါသေးတယ်။ ဘာကြောင့် အလံမှာ အရောင်တွေ သုံးထားတာလဲ ဆိုတာနဲ့ အရောင်တွေရဲ့ အနက်အဓိပ္ပာယ်တွေပဲ ဖြစ်ပါတယ်။

အလံမှာ ပါဝင်တဲ့ အရောင်တွေရဲ့ ရည်ရွယ်ချက်ကတော့ မြတ်ဗုဒ္ပ္ဓရဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို စိတ်ကူးဥာဏ်ဖြင့် ရည်ညွှန်း ပူဇော်ထားခြင်းလည်း ဖြစ်ပါတယ်။

အရောင်တွေရဲ့ အနက်အဓိပ္ပာယ်တွေကတော့....

အပြာရောင် - မေတ္တာတရား၊ ငြိမ်းချမ်းခြင်း၊ ကရုဏာ၊ သဒ္ပ္ဓါတရားတို့ကို ဖော်ကျူးပါတယ်။

အဝါရောင် - အစွန်းနှစ်ဖက်ကို ရှောင်၍ မြင့်မြတ်သော မဇ္ဖှိမပဋိပဒါလမ်းစဉ်ကို ဖော်ကျူးပါတယ်။

အနီရောင် - ပညာ၊ သီလ၊ အကျင့်၊ ဂုဏ်သိက္ခာတို့ကို ဖော်ကျူးပါတယ်။

အဖြူရောင် - စင်ကြယ်သန့်ရှင်းခြင်းနှင့် နိဗ္ပ္ဓ္ဗာန်ကို ဖော်ကျူးပါတယ်။

လိမ္မော်/ပန်းရောင် - မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမကို ဖော်ကျူးပါတယ်။

အထက်ဖော်ပြပါ အချက်တွေကတော့ လူတိုင်း မသိသေးတဲ့ အချက်များအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

No comments:

Powered by Blogger.