မိဖုရားအများဆုံး အရှင်ဘုရင်က ဘယ်သူဖြစ်မလဲ ?

July 14, 2017
ရှေးမြန်မာမင်းတွေထဲမှာ မိဖုရားအများဆုံး အရှင်ဘုရင်က ဘယ်သူဖြစ်မလဲဗျာ။ ပု၊ပင်း၊အင်း၊တောင်၊ညောင်၊ကုန်းဘောင်၊ခေတ်ကိုလိုနီ ဆိုတဲ့ ခေတ်ကြီး ခုနှစ်ခေတ်ထဲမှာတော့ မိဖုရားတွေအများဆုံးရှိတဲ့ ဘုရင်ခေတ်ကို ပြပါဆိုရင် ကုန်းဘောင်ခေတ်ကို ပြရမှာ ဖြစ်ပါတယ်။



ကြွေလောက်တဲ့ ရုပ်ရည် ရှိလှလွန်းလို့တော့ မထင်မိဘူး။ နောက်တာပါ။ ဘုရင်ဆိုတော့ မိဖုရားတွေအနည်းဆုံး လေးပါးတော့ ယူလို့ရပါတယ်။ အရှေ့နန်းစံ၊ တောင်နန်းစံ၊ အနောက်နန်းစံ၊ မြောက်နန်းစံ ဆိုပြီး လေးပါးထားလို့ ရပါတယ်။

ကုန်းဘောင်ခေတ်မှာတော့ မိဖုရားအများဆုံးမင်းက မင်းတုန်းမင်း ဖြစ်ပါတယ်။ ဟိုက်ရှားပါး...။ သူ့ရဲ့ နောက်က ကပ်လိုက်တာက ဘိုးတော်ဘုရားပဲ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှိပါတယ်။ အထက်ဖော်ပြပါ မင်းနှစ်ပါးကတော့ ကုန်းဘောင်ခေတ်မှာ စံချိန်တင် မိဖုရားအများဆုံး မင်းနှစ်ပါး ဖြစ်ပါတယ်။

မင်းတုန်းမင်းကြီးမှာ ရတနာဒေဝီ မိဖုရားခေါင်ကြီးအပြင် အိမ်နိမ့်စံစဉ်က ယူတော်မူသော မြောက်နန်းမိဖုရား မယ်သဲ အပါအဝင် ထင်ရှားသော မိဖုရားပေါင်း (၄၅)ပါး ရှိပါတယ်။



ဘိုးတော်ဘုရားတွင် မိဖုရား စုစုပေါင်း (၃၅)ပါးရှိပါတယ်။ ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းမှာတော့ မိဖုရား (၆)ပါးရှိပါတယ်။

Written By Konay

No comments:

Powered by Blogger.