“ ငေါင်း ” သတ္တဝါ ဆိုတာ ဘယ်လို အကောင်ကြီးလား ?
“ငေါင်း” သတ္တဝါကို မြန်မာတွေအတော်များများ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ယုံတမ်း စကားတစ်ခုလို ဖြစ်နေပါတယ်။ တချို့ဆိုရင် မကောင်းဆိုးဝါး နာနာဘာဝလို့တောင် သတ်မှတ်ကြပါတယ်။
မုဆိုးတွေတောထဲမှာ “ငေါင်း”တွေ့တဲ့အခါ သာမန်တောရဲတွေလို ဖမ်းလို့မရဘူးလို့ ဆိုကြပါတယ်။ ဖမ်းမယ်ဆိုရင်တော့ ပိုက်နှင့် ထောင်မဖမ်းရ၊ ကျော့ကွင်းဖြင့် မဖမ်းရ ဆိုပြီး ပြောတတ်ကြပါတယ်။
တကယ့် ဖမ်းနည်းကတော့ အခုချိန်အထိ ပါးစပ်ပြောပဲ ရှိကြပါတယ်။ ငှက်ပျောဖက်ခင်းပြီး ထောင်တဲ့သူတွေလဲ ရှိပါတယ်။ အဲလိုနည်းနဲ့ ဖမ်းရင်တော့ ချော်လဲသွားမယ်လို့လည်း ယူဆကြပါတယ်။
မြန်မာ့တိုင်းရင်းဆေးမှာတော့ ထိပ်ကပ်နာ ပျောက်ဆေးမှာ ဒေါင်းရိုး၊ ငေါင်းရိုးတို့ပါရှိကြောင်း သိရပါတယ်။ တိမ်သလာပျောက် မျက်စဉ်းမှာလည်း ငေါင်းရိုး ပါရှိတယ်လို့ ဆိုပါတယ်။
အဲဒီ့တော့ “ငေါင်း” ဆိုတာ ဘယ်လိုအကောင်လဲ .... ဘယ်လို ကိုယ်ထည် ဖွဲ့စည်းမှုရှိလဲ.... ရုပ်ချောလား.. ရုပ်ဆိုးလား.... ဆိုတဲ့မေးခွန်းတွေအတွက် အဖြေကတော့ အောက်က ပုံကိုသာ ကြည့်ပါတော့ဗျာ....။
Written By Konay

No comments: