လက်စွပ် ဝတ်ဆင်တဲ့ လက်ချောင်းများအလိုက် စိတ်နေစရိုက်များ
လက်စွပ်ကို များသော အားဖြင့် လက်သူကြွယ်မှာ ဝတ်ဆင်တာ များပါတယ်။
ဒါပေမယ့် တချို့ကျတော့ လက်သန်းမှာ ဝတ်ဆင်တာတွေလည်း ရှိသလို လက်ခလယ်မှာလည်း ဝတ်ဆင်တတ်ကြပါတယ်။
တချို့ကျတော့လည်း ထူးထူးခြားခြား လက်မမှာ ဝတ်ဆင်သလို လက်ညှိုးမှာလည်း ဝတ်ဆင်တတ်ကြပါတယ်။
မည်သို့ပင်ဆိုစေ လက်စွတ်ဝတ်ဆင်ထားသော လက်ချောင်းအလိုက် သက်ဆိုင်သူရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း
(၂) ရပ်စလုံးကို ကိုယ်စားပြု ဖော်ပြနေပါတယ်။
လက်မတွင် လက်စွပ် ဝတ်ဆင်တတ်သူများ
လက်မမှာ
လက်စွတ်ဝတ်ဆင်ထားတတ်တဲ့ သူများရဲ့ စိတ်နေစရိုက်များကတော့ တစ်ဇွတ်ထိုးနိုင်ခြင်း၊ ခေါင်းမာတတ်ခြင်း၊
အခြားသူတစ်ဦးရဲ့ သြဇာကို မခံတတ်ခြင်း၊ အကြံကောင်း ဥာဏ်ကောင်းများကို ပစ်ပယ်ခြင်း စတဲ့
စိတ်နေစရိုက်တွေ ရှိတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူ့ရဲ့ ပတ်ဝန်းကျင်ကိုလည်း ထိန်းချုပ်နိုင်အောင်
ကြိုးစားတတ်ပါသေးတယ်။
ဘယ်ဘက်လက်မမှာ
ဝတ်တတ်တဲ့ သူဆိုရင်တော့ တရားသောဝါဒ လက်ကိုင်ထားသူ၊ မိမိဘဝ မိမိကျောင်းသူ ဖြစ်ပြီး၊
ညာလက်မှာ ဝတ်ဆင်တတ်သူဆိုရင်တော့ အလုပ်တွဲလုပ်သူအား ဒုက္ခပေးတတ်သူ ဖြစ်တတ်ပါတယ်။
လက်ညှိုးတွင် လက်စွတ် ဝတ်ဆင်တတ်သူများ
လက်ညှိုးတွင်
ဝတ်ဆင်တတ်တဲ့သူများကတော့ မိမိကိုယ်ကိုယ် ယုံကြည်ခြင်း၊ အများအပေါ် ဦးဆောင်နိုင်ခြင်း၊
အရည်သွေးကောင်းမွန်ခြင်း စတဲ့ စိတ်နေစရိုက်တွေကို ပိုင်ဆိုင်ထားတတ်တဲ့ လူမျိုးများ
ဖြစ်ပါတယ်။ အကယ်၍ လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်လျားနေပါက လက်စွတ်ကို လက်ညှိုးနေရာမှာ
ဝတ်ဆင်တတ်သူများကတော့ ပိုပြီး သြဇာကြီးမားကြတဲ့ သူများ ဖြစ်တတ်ပါတယ်။
ဘယ်ဘက်
လက်ညှိုးမှာ ဝတ်ဆင်တတ်သူများကတော့ အိမ်ထောင်မိသားစုထဲမှာ သြဇာအကြီးဆုံးနဲ့ အထက်မြက်ဆုံးသူတွေ
ဖြစ်တတ်ပါတယ်။ ညာဘက်မှာ ဝတ်ဆင်တဲ့သူများကတော့ မိမိ ကံကြမ္မာကို မိမိ လိုသလို ထိန်းချုပ်နိုင်စွမ်း
ရှိတဲ့ သူများ ဖြစ်ပါတယ်။
လက်ခလယ်နှင့် လက်သူကြွယ်တွင် လက်စွတ် ဝတ်ဆင်တတ်သူများ
လက်ခလယ်မှာ လက်စွတ်ဝတ်ဆင်တတ်တဲ့သူများကတော့ အထီးကျန်
ဖြစ်ရမှာကို စိုးရိမ်ထိတ်လန့်တတ်သူများ ဖြစ်တတ်ကြပါတယ်။ လက်သူကြွယ်မှာ ဝတ်ဆင်တတ်တဲ့
သူများကတော့ သောကြာဂြိုလ်နဲ့ တနင်္ဂနွေဂြိုလ်တို့ရဲ့ အရည်အသွေးများအား ပိုင်ဆိုင်ထားတဲ့
သူများ ဖြစ်ပါတယ်။
လက်သန်းတွင် လက်စွတ် ဝတ်ဆင်တတ်သူများ
ဘယ်ဘက်လက်သန်းမှာ ဝတ်ဆင်တတ်သူများကတော့ အချစ်ရေးမှာ
ယာယီ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ အကယ်၍ ညာဘက်မှာ ဝတ်ဆင်တတ်သူများကတော့ မကြာမီအချိန်အတွင်းမှာ
မီးယက်နဲ့ သားဖွားဆိုင်ရာ ရောဂါဝေဒနာတစ်ခုခု ဝင်ရောက်လာတတ်ပါတယ်။ သားအိမ်ထုတ်ပစ်ရတဲ့အထိ
ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လက်သန်းမှာ လက်စွတ်
ဝတ်ဆင်ခြင်းကြောင့် ကျန်းမာရေး အမြဲလို ချုချာတတ်ပါတယ်။ ဝတ်တတ်ရင်တော့ ရှောင်ကြဉ်သင့်ပါတယ်။
Burma Encyoclopedia
No comments: