မော်ဒယ် တေးသံရှင် တစ်ဦး၏ ရင်နင့်ဖွယ် ဖြစ်ရပ်

August 21, 2017
တောင်ကိုရီးယားနိုင်ငံရဲ့ မော်ဒယ် တေးသံရှင် တစ်ဦးဖြစ်သည်။ ရည်ရွယ်ချက်ကြီးမားသော မိန်းမပျိုလေး တစ်ဦးလည်း ဖြစ်သည်။ သူမကို ဟန်းမီယိုးကု ဟုခေါ်သည်။ ၁၉၉၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံတွင် မျက်နှာခွဲစိတ်ကုသမှုများ ခေတ်စားလာသည်။ အထူးသဖြင့် ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များ သည် မိမိ၏ မျက်နှာများအား သဘာဝထက် ပိုမို လှပရန် ခွဲစိတ်ကြသည်။



ထိုထဲတွင် ဟန်းမီးယိုးကု တစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။ သူမ အသက် ၂၈ နှစ်တွင် မျက်နှာ ခွဲစိတ်မှုကို စတင် ပြုလုပ်လိုက်သည်။



ခွဲစိတ်ပြီး လှပသော သူမ၏ မျက်နှာကို ထပ်မံ လှပရန် ထပ်မံ ခွဲစိတ်လိုလာသည်။ ဒုတိယအကြိမ် ထပ်မံ ခွဲစိတ်သည်။ သည်လို နှင့် အကြိမ်ရေ များလာတော့သည်။



တကယ်တော့ သူမသည် စိတ်ဝေဒနာ ခံစားနေရသူ ဖြစ်မှန်းမသိ ဖြစ်လာသည်။ တစ်နေ့တစ်နေ့ သူမမျက်နှာလှပဖို့ ပိုပြီး အလေးထားလာခဲ့သည်။ နောက်ဆုံးတွင် သူမ၏ မျက်နှာကို ဆီလီကွန်နှင့် ဟင်းချက်ဆီများကို ဆေးထိုးအပ်နှင့် ထိုးသွင်းလိုက်တော့သည်။ ထိုအချိန်မှ စ၍ သူမ၏ မျက်နှာသည် သူမကိုယ်တိုင် မှန်ထဲတွင် မကြည့်ဝံ့တော့သော မျက်နှာကို ပိုင်ဆိုင်လိုက်ရတော့သည်။

Credit : Aung Htut San MC

No comments:

Powered by Blogger.