ဒွန်ကင်းမဲန်း ( မတ်၊ ၃၁၊ ၁၉၁၁ )- ( မေ၊ ၁၂၊ ၂၀၀၀ )

September 19, 2017
ဒွန်ကင်းမဲန်း ( မတ်၊ ၃၁၊ ၁၉၁၁ )- ( မေ၊ ၁၂၊ ၂၀၀၀ ) 
ဒွန်ကင်းမဲန်း ကို ၁၉၁၁ မှာကယ်လီဖိုးနီးယားပြည်နယ် အောက္ကလဲန်း မှာမွေးဖွားတယ် ငါးနှစ်သားအရွယ်မှာမိဘတွေနဲ့အတူ ဟောင်ကောင်မှာ ပြန်လည်အခြေချနေထိုင်တယ်။ အဲ့ဒီမှာနေထိုင်စဉ်အတွင်း ငယ်စဉ်ဘဝကပင် ရိုးရာတရုပ်ပန်းချီအနုပညာအပါအဝင် တရုပ်စာရေးနည်း၊ ရေဆေးရေးဆွဲနည်းများကို သင်ယူခဲ့တယ်။ အဲ့ဒီကန်တုန် အနုပညာကျောင်းက ဆရာကသူ့ကို “King- man” လို့ နာမည်ပေးခဲ့တယ်၊ အဓိပါယ်က “scenery-composition” တဲ့။ နောက်ပိုင်း Lingnan Academy မှာ ဆီဆေးရေးဆွဲနည်း၊ ဥရောပ နဲ့ အနောက်တိုင်းပန်းချီအနုပညာတွေကိုတက်ရောက်သင်ကြားဆည်းပုးခွင့်ရရှိခဲ့တယ်။



အသက်၁၈နှစ်မှာ အမေရိကန်ပြည်ကိုပြန်လာခဲ့တယ်၊ မိန်းမရခါစဇနီး Janice Wong နဲ့အတူ မိသားစုဘဝကိုတည်ဆောက်စဉ်
၁၉၂၉ မဟာစီပွားပျက်ကပ်ကြီးနဲ့ ကြုံရကာ အနုပညာနယ်ထဲသို့ဝင်ရောက်ရန်စောင့်ဆိုင်းရင်း ပန်းဆေးစက်လုပ်သား၊ သတင်းစာပို့သူ၊ ပျော်ပွဲစားရုံမန်နေဂျာနဲ့ အနုပညာအလုပ်မျိးစုံလုပ်ကိုင်ကာသူ့မိသားစုကိုထောက်ပံ့ခဲ့သည်။

“ ငါ အရာအားလုံးကိုမရေးဆွဲနှိုင်ခဲ့ဘူး၊ အဲဒါဟာ ဆီဆေးကိုပဲအသုံးပြုရေးဆွဲနေတာကြောင့်လည်းဖြစ်နှိုင်တယ်” လို့ သူ့ရဲ့ ပထမဦးဆုံးပန်းချီနည်းပြဆရာပြောခဲ့ဘူးတဲ့စကားတခွန်းကြောင့် သူပန်းချီစရေးတော့ရေဆေးမီဒီယံကို သီးသန့်ရွေးချယ်စေဖို့အထောက်အကူဖြစ်ခဲ့ကြောင်း သူပြောဘူးတယ်၊။ဘဝတလျှောက်လုံးလည်းရေဆေးကိုသာ ခုံမင်မြတ်နိုးစွာအသုံးပြုရေးဆွဲသွားခဲ့ပါတယ်။ 

၁၉၅၄ ခုနှစ်မှာတော့ သူ့ဘဝအပြောင်းအလဲတွေ ဖြစ်ခဲ့တယ် ဟောလီဝုဒ်ဒါထရိုက်တာ ဂျိန်းစ်ဝေါင်းက “ဒွန်ကင်းမဲန်း” ဆိုတဲ့
ရုပ်ရှင်ကားပိုင်းတိုလေးကိုဖြန်ချိခဲ့တယ်။ ဇနီးဖြစ်သူ ကွယ်လွန်သွားတယ်။
ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နဲ့ ယဉ်ကျေးမှုသံအဖြစ်မြို့ ကြီးများကိုသွားရောက်နှိုင်ဖို့ကြိုးစားခဲ့တယ်။ မြို့ ကြီးများရဲ့ ထင်ရှားသောနေရာများကို ပန်းချီရေးဆွဲခဲ့တယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာပေးဟောပြောမှုတွေ အများအပြားလှုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၈ ဝန်းကျင်တဝှိုက်မှာတော့ နယူးယော့၊ ပါရီ၊ အင်္ဂလန်တို့မှာ သူ့ဂုဏ်သတင်းဟာ အထူးကျော်ကြားထင်ရှားခဲ့ပါတယ်။၁၉၆၀လွန်နှစ်တွေမှာ The World of Suzie Wong (1960), Flower Drum Song (1961), 55 Days in Peking (1963), Sand Pebbles (1966) ဆိုတဲ့ ရုပ်ရှင်ကားတွေရဲ့ အဖွင့်စာတန်းထိုးနောက်ခံပန်းချီများ ရေးဆွဲခဲ့တယ်။

၁၉၆၀ခုနှစ်မှာ ကမ္ဘာအနှံ့ ခရီးတွေထွက်ခဲ့တယ်၊ ဒွန်ရဲ့ ထူးခြားတဲ့ရေးဟန်က အရှေ့တိုင်းနဲ့ အနောက်တိုင်းရေးဟန်တွေပေါင်းစပ်ထားတာဖြစ်လို့ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကြီးနဲ့ ယဉ်ကျေးမှုပေါင်းစည်းဖလှယ်ရေးအစီအစဉ်တွေ
အတွက်တန်ဖိုးကြီးမားလှပါတယ်၊ ဖေါ်ကျွန်း၊ လိုက်ဖ်၊ စတာဒေးရီဗျူးစတဲ့အမေရိကန်ထုတ်မဂ္ဂဇင်းတွေ၊ အိုလံပစ်၊ ပဲန်အဲန်လေကြောင်းပိုစတာတွေမှာလည်း ဒွန်ရဲ့လက်ရာတွေဖုံးလွှမ်းလာခဲ့တယ်။ 


၁၉၇၂ ခုနှစ်က သမ္မတနစ်ကဆင်ရဲ့ သမိုင်းဝင်အလည်အပတ်ခရီးစဉ်အဖြစ်တရုပ်နိုင်ငံကိုသွားရောက်ခဲ့အပြီးမှာ တရုပ်နဲ့ အမေရိကန်နှစ်နိုင်ငံအကြားဆက်ဆံရေးပူနွေးလာခဲ့ပြီးနောက် ၁၉၈၁သံတမန်အဆက်အဆံ ပြန်လည်ရရှိချိန်မှာတော့ ပထမဦးဆုံးအမေရိကန်ပန်းချီအနုပညာရှင်အနေနဲ့ ဒွန်ရဲ့ တကိုယ်တော်ပန်းချီပြပွဲကို တရုပ်ပြည်မှာ ကျင်းပနှိုင်ခဲ့ပါတယ်။ အဲ့ဒီပြပွဲကိုလူပေါင်းတသိန်းထက်မနဲ ကြည့်ရှုအားပေးခဲ့ကြတယ်၊
တရုပ်မီဒီယာတွေရဲ့ အရေးပါတဲ့ ချီးကျူးမှုတွေကိုလည်းလက်ခံရရှိခဲ့တယ်။

၁၉၆၉ ခုနှစ်ကစပြီး နှစ်ပေါင်း၂၀လောက်မယ်စင်္ကြာဝဠာ ပြိုင်ပွဲဒိုင်အဖြစ်လုပ်ဆောင်ခဲ့ခြင်းမှာလည်းထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့တယ်။ဒွန်ရဲ့ အကြိုက်နှစ်သက်ဆုံး မြို့ ကြီးများကိုပန်းချီရေးဆွဲခြင်းဘာသာရပ်အတွက် အမေရိကန်နိုင်အနှံ့အပြားနဲ့ မြန်မာပြည်အပါအဝင် ကမ္ဘာရပ်ရပ်ကိုသွားခဲ့တဲ့ရီးစဉ်တွေဟာ များစွာအထောက်အပံ့ဖြစ်စေခဲ့တယ်။ 

ဒွန်ကင်းမဲန်းရဲ့ ပန်းချီကားတွေကိုကြည့်မယ်ရင် တနှစ်ပြီးတနှစ်သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ရေးဟန်တွေဟာ ထင်ရှားပြတ်သားစွာ
ပြောင်းလဲလာတာကိုတွေ့ မြင်နှိုင်မှာပါ။ အစောပိုင်းသရုပ်မှန်လက်ရာတွေကနေ နှောင်းပိုင်းကာလ လက်ရာတွေမှာတော့
သူ့ရဲ့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ဟာသအမြင်တွေရောပြွန်းနေတဲ့ ဇာတ်ကောင်နဲ့ သင်္ကေတများ လူများမြို့ ပြပုံရိပ်များကို
တောက်ပတဲ့ဆေးရောင်များနဲ့ ဒီဇိုင်းသဘောတွေ abstractions ဆန်ဆန်ရေးချက်တွေဟာ ကမ္ဘာကြီးအတွက်ထားရစ်ခဲ့တဲ့
သူ့ရဲ့အကောင်းဆုံးအမွေအနှစ်ရတနာတွေပေါ့ ။
သန်းဌေးမောင်
စက်တင်ဘာ၊ ၁၇၊၂၀၁၇

No comments:

Powered by Blogger.