အမည်တွေရှေ့မှာ “သခင်” ဘာကြောင့်တပ်....

July 14, 2017
သခင်မျိုးဟေ့ တို့ဗမာ....
“ငါတို့ ကံခေ၊ ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင် ဗမာပြေ၊ ငါတို့ ငါတို့မြေ” ဟု တို့ဗမာသီးချင်းကြောင့် လူငယ်များ မျိုးချစ်စိတ်ဓာတ် တက်ကြွလာကြပါတယ်။ ဒါ... ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး မရခင်က...



မြန်မာလူငယ်များ တို့ဗမာအစည်းအရုံးဝင်များ ဖြစ်လာကြပါတယ်။ လူငယ်များရဲ့ ကိုလိုနီခေတ် တို့ဗမာကမ္မဝါ ကတော့ ကြက်သီးမွှေးညှင်း ထစရာပါပဲ..။ ဓနရှင် ဖုန်တစ္ဆေနှင်ထုတ်တဲ့ ကမ္မဝါလို့ မှတ်သားရပါတယ်။

“မီးတုတ်၊ မီးတုတ် - ရှို့ ရှို့”
“သူပုန်၊ သူပုန် - ထ ထ”
“သပိတ်၊ သပိတ် -မှောက် မှောက်”
“သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ”.....ဟု ဟစ်ကြွေးခဲ့ကြပါတယ်။

တို့ဗမာ အစည်းအရုံးအနေနဲ့ အင်္ဂလိပ်ကို သခင်ခေါ်နေရတဲ့ အခြေအနေကို ပယ်ဖျောက်ပစ်ချင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံဖြစ်ကြောင်း၊ လွတ်လပ်ခဲ့ပြီး ကျွန်များ မဟုတ်ကြောင်း၊ သခင်များသာ ဖြစ်ကြောင်းကို ပြသလိုခဲ့ကြပါတယ်။

ဒါကြောင့် တို့ဗမာအစည်းအရုံးဝင်တိုင်းရဲ့ လူပုဂ္ဂိုလ်များရဲ့ အမည်များအရှေ့မှာ “သခင်” ဟု တပ်ခဲ့ကြပါတယ်။ ပထမဆုံး စတင်လှုံ့ဆောင်ခဲ့သူက တောင်တွင်းနယ်၊ စက္ကသေးဆရာတော်လို့ သိရပါတယ်။

Written By Konay
Source : Internet

No comments:

Powered by Blogger.