ကြီးပွားတိုးတက် ချင်ရင် ဘာတွေ လုပ်ဆောင်ရမလဲ ?
လူသားတိုင်းကတော့ မိမိဘဝမှာ ကြီးပွားတိုးတက် ချင်ကြတာချည်းပါပဲ။ သို့သော်လည်း ကြီးပွားတိုးတက်အောင် ဘယ်လိုတွေ လုပ်ဆောင်ရမလဲ၊ ဘယ်လိုတွေ ကျင့်ကြံရမလဲ ဆိုတာကို လူတိုင်း မသိကြပါဘူး။ တချို့ကြတော့လည်း ကြီးပွားတိုးတက်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် ကြိုးစားတိုင်လည်း အရာမရောက် ဖြစ်နေကြတာတွေ ရှိပါတယ်။
ကြီးပွားတိုးတက် ချင်ရင် ဘာတွေ လုပ်ရမလဲ၊ ဘယ်လိုတွေ ကျင့်ကြံရမလဲ ဆိုတာတွေကို ဗုဒ္ဓမြတ်စွာ ဘုရားက အတိအကျ ဟောဖော် ညွှန်ကြားခဲ့တာ ရှိပါတယ်။ ဒီဃဇာဏုသုတ်မှာ မြတ်စွာဘုရားက ကြီးပွားတိုးတက်ချင်ရင် ဘယ်လို ကျင့်ကြံသင့်တယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာကို အတိအလင်း ဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။ (ဒီအကြောင်းအရာလေးကို ဗုဒ္ဓရေအိုးစင်မှတစ်ဆင့် ပြန်လည် ဝေမျှထားတာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အောင်မြင် ကြီးပွားတိုးတက်ချင်သူများအတွက် အင်မတန်မှကို တန်ဖိုးရှိတဲ့ အဆုံးအမ ဖြစ်ပြီး ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မှ ပြန်လည် ဟောကြားခဲ့တာလည်း ဖြစ်ပါတယ်။ မူရင်း စာပိုင်ရှင်များကိုလည်း Credit ပေး လေးစားလျက် ရှိပါတယ်။)
ကြီးပွာတိုးတက်ချင်ရင်....
.
ဥဋ္ဌာန_သမ္ပဒါ
------------
စီးပွားရေးနဲ့ ပတ်သက်ပြီး ကြိုးစားပါတဲ့။အဲဒီ ကြိုးစားပါဆိုတဲ့ စကားထဲမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် မြတ်စွာဘုရားက ထည့်သွင်းပေးထားတဲ့ အချက်သုံးချက်ရှိတယ်။ ကြိုးစားတိုင်းအောင်မြင်သလားလို့ဆိုရင် မအောင်မြင်ဘူး။
ကြိုးစားပါဆိုတဲ့အထဲမှာ မြတ်စွာဘုရားက သုံးချက်ထည့်ထားတယ်။
(၁) "ဒက္ခ " လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။
ကြိုးစားပြီဆိုရင် လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။အရောင်းအဝယ်လုပ်ရင် အရောင်းအဝယ် ကျွမ်းကျွင်ရမယ်။ ကုန်ထုတ်လုပ်ငန်းတစ်ခုလုပ်ရင် ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ရင် စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး
ကျွမ်းကျင်မှုရှိရမယ်။ ခြံလုပ်ငန်းလုပ်ရင် ခြံနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိရမယ်။
.(၂) "အနလသ" ဇွဲကောင်းရမယ်။
ဇွဲမရှိရင်လည်း မအောင်မြင်ဘူး။
.
(၃) "ဥပါယဝီမံသာ " နည်းပညာရှိရမယ်။
ဘယ်လောက်ပဲ ကြိုးစားကြိုးစား နည်းပညာနိမ့်ကျလို့ရှိရင်လည်း မရဘူး။ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က ဟောခဲ့တဲ့ တရားနော်။ မြတ်စွာဘုရားက စီးပွားရေးတိုးတက်ဖို့ရာ " ဥဋ္ဌာနသမ္ပဒါ "ဆိုတဲ့ အချက်ထဲမှာ ဒီသုံးချက်ထည့်သွင်းပြီးတော့ ဟောထားတာ။
အာရက္ခသမ္ပဒါ
-------------
ကိုယ်ရထားတဲ့ ပစ္စည်းဥစ္စာ အလေအအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်မှူ၊ ဒါလည်း သိပ်အရေးကြီးတာပဲ။
ရှာတော့ရှာပါရဲ့။ အထိန်းအသိမ်းမတတ်တော့ အလေအလွင့်တွေ ဖြစ်တယ်၊ ဒါလည်း မဖြစ်စေနဲ့တဲ့။
.
သမဇီဝိတာ
----------
ကိုယ့်ရဲ့ဝင်ငွေထွက်ငွေ အမြဲတမ်းညှိနှိုင်းပြီးတော့ သုံးစွဲရမယ်တဲ့။
.ကလျာဏမိတ္တ
--------------
မိတ်ကောင်းဆွေကောင်း ရှိပါစေတဲ့။ စီးပွားရေးနဲ့ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆုံးမသြဝါဒပေးမယ့် အကြံပေးမယ့် ပုဂ္ဂိုလ်တွေ ဒါတွေဟာ မိတ်ကောင်းဆွေကောင်းတွေပဲ။ စီးပွားတိုးတက်ချင်ရင် ဒီသင်္ဂဟတရားလေးပါးနဲ့ ပြည့်စုံအောင်လုပ်လို့ ဆိုတာ မြတ်စွာဘုရားက လမ်းညွှန် ပေးထားပါတယ်။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Thanks:
#WordsofBuddha

No comments: