ဒီအခ်က္ေတြ ကိုယ္တိုင္ လုပ္ႏိုင္မွ အေမကို အာခံပါ

September 25, 2017
ဒီဘက္ေခတ္ လူငယ္ လူရြယ္ေတြ၊ ေက်ာင္းသားေတြဟာ မိခင္ တစ္ခြန္းဆို တစ္ခြန္းပဲ။ နာခံတာေတာ့မဟုတ္ဘူး။ ျပန္ေျပာၾက အာခံၾကတာမ်ားပါတယ္။ မိခင္ရဲ႕ စကားကို ေျမဝယ္မက် လိုက္နာႏိုင္ၾကတာ သားသမီးမ်ားဟာ လက္ခ်ဳိးေရတြက္လို႔ ရပါတယ္။



မိခင္က ဟန္႔တားတဲ့ စကားေတြအေပၚမွာ အေမကလည္း ဗ်ာ... အိမ္က ဘြားေတာ္ႀကီးက ... စသည္ျဖင့္ ျပန္လည္ ေျပာဆို တုံ႔ျပန္တတ္ၾကပါတယ္။ မိမိကို ဒုကၡခံၿပီး ကိုးလလြယ္ ဆယ္လဖြား အသက္နဲ႔ ရင္းၿပီး ေမြးခဲ့တဲ့ မိခင္၊ ျဖဴစင္သန္႔ရွင္းလြန္းတဲ့ ေမတၱာတရားေတြနဲ႔ တိုက္ေကြ်းခဲ့တဲ့ ႏို႔ရည္၊ အရြယ္ေရာက္တဲ့အထိ အေပးသာရွိၿပီး အယူမရွိခဲ့တဲ့ မိခင္ကိုမွ အာခံျပန္ေျပာမႈဟာ အဆိုးဝါးဆုံး ရာဇဝတ္မႈလို႔ေတာင္ ေျပာလို႔ရပါတယ္။

တခ်ဳိ႕မ်ားက်ေတာ့ သူတို႔ဟာ သူတို႔ ေမြးထားတာေလ ေကြ်းေမြး ျပဳစု ေစာင့္ေလ်ာက္ေပ့ါ လို႔လည္း မေခ်မငံနဲ႔ ကြယ္ရာတစ္မ်ဳိး ေရွ႕တစ္မ်ဳိး ခြန္းတုံ႔ျပန္ၾကျပန္ပါတယ္။ တကယ္ေတာ့ လူ႔ဘဝ တစ္ခု ရဖို႔ ဆိုတာ အင္မတန္မွ မလြယ္ကူလွပါဘူး။ လူ႔ျပည္က အပ္တစ္စင္းနဲ႔ နတ္ျပည္က အပ္တစ္စင္းသာ ဆုံဖို႔ လြယ္ကူေပမယ့္ လူျဖစ္ဖို႔ရာ မေတာ္ကို မလြယ္ကူတဲ့ ကံအေၾကာင္းတရာပါ။

လူ႔ျပည္မွာ လူတစ္ေယာက္လာျဖစ္ဖို႔ ဝမ္းၾကာတိုက္မွာ ေမတၱာတရားေတြနဲ႔ ေနရာေလးေပးၿပီး ေမြးဖြားသန္႔စင္ေပးခဲ့တဲ့ မိခင္ကို အာခံျပန္ေျပာေတာ့မယ္ ဆိုရင္ ဒီအခ်က္ေတြ ကိုယ္ကိုကိုယ္တိုင္ လိုက္နာႏိုင္ၿပီလား ဆိုတာ ျပန္ဆန္းစစ္ပါ။


၁။ သံုးလတိတိ ထမင္းစားၿပီးတိုင္း အန္ႏိုင္မလား။

၂။ မိမိရဲ႕ဝမ္းဗိုက္ထဲေဘာလံုးထည့္ၿပီး ႀကီးမားလာေအာင္ တစ္လတစ္ခါ ေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္ အေလးခံၿပီး သယ္ထားႏိုင္မလား။

၃။ ေကာ္ဖီ ၊ လက္ဖက္ရည္ ၊ ကိုယ္ႀကိဳက္တဲ့မုန္႔ အစားအစာေတြ မစားပဲ ေျခာက္လတိုင္တိုင္ အငတ္ခံေနႏိုင္မလား။

၄။ ညညအိပ္ရင္လည္း ဘယ္ညာ မေစာင္းဘဲ ၿငိမ္ၿငိမ္ေလးနဲ႔ ၅ လတိုင္တိုင္ အိပ္ႏိုင္မလား။

၅။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလွ်ာက္လည္တာတို႔ ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ ေနႏိုင္မလား။

၆။ နာဖ်ားလို႔မရွိေအာင္ ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့အစားအေသာက္ေတြ မစားပဲေနမယ္.. နာဖ်ားခဲ့ရင္ေတာင္ ေဆးေတြစိတ္ႀကိဳက္စားခြင့္မ႐ွိဘဲ ၁၀ လအထိ ေနႏိုင္လား။

၇။ ၁၄ နာရီအၾကာ အသက္နဲ႔ရင္းၿပီး နာက်င္ ကိုက္ခဲတဲ့ေဝဒနာကို ခံႏိုင္မလား။

၈။ ကိုယ့္ႏို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိ ေအာင့္အည္းသီးခံႏိုမလား။

၉။ ခ်ီးေတြ ၊ ေသးေတြ ၊ အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္ ၾကံဳးႏိုင္မလား။


၁၀။ ညညဆိုရင္လည္း ႏွစ္နာရီတစ္ခါ တစ္ႏွစ္လံုးလံုး အိပ္ေရးပ်က္ခံၿပီးထႏိုင္မလား။

ကမၻာမွာ အစားထိုးမရတဲ့ အေမကို အာခံျပန္ေျပာေတာ့မယ္ဆိုရင္ ဒီအခ်က္ေတြကို ျပန္သုံးသပ္ ဆင္ျခင္ေစခ်င္ပါတယ္။ အားလုံးပဲ မိခင္ ဖခင္ တို႔ကို ခ်စ္ျမတ္ႏိုး တန္ဖိုးထားေသာ သားသမီး အလိမၼာမ်ား ျဖစ္ၾကပါေစ...။

Unicode Version

ဒီဘက်ခေတ် လူငယ် လူရွယ်တွေ၊ ကျောင်းသားတွေဟာ မိခင် တစ်ခွန်းဆို တစ်ခွန်းပဲ။ နာခံတာတော့မဟုတ်ဘူး။ ပြန်ပြောကြ အာခံကြတာများပါတယ်။ မိခင်ရဲ့ စကားကို မြေဝယ်မကျ လိုက်နာနိုင်ကြတာ သားသမီးများဟာ လက်ချိုးရေတွက်လို့ ရပါတယ်။


မိခင်က ဟန့်တားတဲ့ စကားတွေအပေါ်မှာ အမေကလည်း ဗျာ... အိမ်က ဘွားတော်ကြီးက ... စသည်ဖြင့် ပြန်လည် ပြောဆို တုံ့ပြန်တတ်ကြပါတယ်။ မိမိကို ဒုက္ခခံပြီး ကိုးလလွယ် ဆယ်လဖွား အသက်နဲ့ ရင်းပြီး မွေးခဲ့တဲ့ မိခင်၊ ဖြူစင်သန့်ရှင်းလွန်းတဲ့ မေတ္တာတရားတွေနဲ့ တိုက်ကျွေးခဲ့တဲ့ နို့ရည်၊ အရွယ်ရောက်တဲ့အထိ အပေးသာရှိပြီး အယူမရှိခဲ့တဲ့ မိခင်ကိုမှ အာခံပြန်ပြောမှုဟာ အဆိုးဝါးဆုံး ရာဇဝတ်မှုလို့တောင် ပြောလို့ရပါတယ်။

တချို့များကျတော့ သူတို့ဟာ သူတို့ မွေးထားတာလေ ကျွေးမွေး ပြုစု စောင့်လျောက်ပေ့ါ လို့လည်း မချေမငံနဲ့ ကွယ်ရာတစ်မျိုး ရှေ့တစ်မျိုး ခွန်းတုံ့ပြန်ကြပြန်ပါတယ်။ တကယ်တော့ လူ့ဘဝ တစ်ခု ရဖို့ ဆိုတာ အင်မတန်မှ မလွယ်ကူလှပါဘူး။ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်းသာ ဆုံဖို့ လွယ်ကူပေမယ့် လူဖြစ်ဖို့ရာ မတော်ကို မလွယ်ကူတဲ့ ကံအကြောင်းတရာပါ။

လူ့ပြည်မှာ လူတစ်ယောက်လာဖြစ်ဖို့ ဝမ်းကြာတိုက်မှာ မေတ္တာတရားတွေနဲ့ နေရာလေးပေးပြီး မွေးဖွားသန့်စင်ပေးခဲ့တဲ့ မိခင်ကို အာခံပြန်ပြောတော့မယ် ဆိုရင် ဒီအချက်တွေ ကိုယ်ကိုကိုယ်တိုင် လိုက်နာနိုင်ပြီလား ဆိုတာ ပြန်ဆန်းစစ်ပါ။


၁။ သုံးလတိတိ ထမင်းစားပြီးတိုင်း အန်နိုင်မလား။

၂။ မိမိရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး ကြီးမားလာအောင် တစ်လတစ်ခါ ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင် အလေးခံပြီး သယ်ထားနိုင်မလား။

၃။ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားပဲ ခြောက်လတိုင်တိုင် အငတ်ခံနေနိုင်မလား။

၄။ ညညအိပ်ရင်လည်း  ဘယ်ညာ မစောင်းဘဲ ငြိမ်ငြိမ်လေးနဲ့ ၅ လတိုင်တိုင် အိပ်နိုင်မလား။

၅။ ၈ လတိုင်တိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား။

၆။ နာဖျားလို့မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရလို့ ကြိုက်တဲ့အစားအသောက်တွေ မစားပဲနေမယ်.. နာဖျားခဲ့ရင်တောင် ဆေးတွေစိတ်ကြိုက်စားခွင့်မရှိဘဲ ၁၀ လအထိ နေနိုင်လား။

၇။ ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင် ကိုက်ခဲတဲ့ဝေဒနာကို ခံနိုင်မလား။

၈။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိုမလား။

၉။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင် ကြုံးနိုင်မလား။


၁၀။ ညညဆိုရင်လည်း နှစ်နာရီတစ်ခါ  တစ်နှစ်လုံးလုံး အိပ်ရေးပျက်ခံပြီးထနိုင်မလား။

ကမ္ဘာမှာ အစားထိုးမရတဲ့ အမေကို အာခံပြန်ပြောတော့မယ်ဆိုရင် ဒီအချက်တွေကို ပြန်သုံးသပ် ဆင်ခြင်စေချင်ပါတယ်။ အားလုံးပဲ မိခင် ဖခင် တို့ကို ချစ်မြတ်နိုး တန်ဖိုးထားသော သားသမီး အလိမ္မာများ ဖြစ်ကြပါစေ...။

No comments:

Powered by Blogger.