ငလျင်အကြောင်း သိကောင်းစရာ
သဘာဝဘေးအန္တရာယ်တွေထဲမှာ ငလျင်လှုပ်ခတ်ခြင်းကလည်း အန္တရာယ် တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ အိုးအိမ်၊ တိုက်တာ ပိုင်ဆိုင်မှုတွေကိုသာမက အသက်အန္တရာယ်ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါဆိုရင် ငလျင် ဘာကြောင့် လှုပ်သလဲ။ ဘာလိုတွေ သက်ရောက်မှု ရှိသလဲ၊ ငလျင် လက္ခဏာတွေက ဘာတွေလဲ ဆိုတာကို ဗဟုသုတအဖြစ် Burma Encyoclopedia Page မှ ဖော်ပြပေးလိုက်ပါတယ်။
ငလျင်ဘာကြောင့်လှုပ်သလဲ....
ကမ္ဘာ့ကျောက်ထုလွှာတွေ အက်ကွဲပြိုကျမှုကြောင့်ဖြစ်ဖြစ်၊ မီးတောင်တွေ ပေါက်ကွဲလို့ပဲ ဖြစ်ဖြစ်၊ အရာဝတ္ထု တစ်ခု မြေပြင်သို့ ပြင်းထန်စွာ စောင့်မိခြင်းကြောင့်ဖြစ်ဖြစ် ကမ္ဘာ့အပေါ်ယံ မြေလွှာ တုန်လှုပ်ခြင်းကို ငလျင်လှုပ်တယ်လို့ ခေါ်ပါတယ်။
ဘယ်လိုတွေ သက်ရောက်သလဲ...
ငလျင်တစ်ခု လှုပ်ပြီဆိုတာနဲ့ စလှုပ်တဲ့နေရာ စတင်ရာ အမှတ်ကို ငလျင် ဗဟိုချက် (Focus) လို့ ခေါ်ပါတယ်။ ဒီဗဟိုချက် အပေါ် တည့်တည့် မြေပြင်ပေါ်ရှိ အမှတ်ကိုတော့ ငလျင် ဗဟိုထိပ် (Epicenter) လို့ ခေါ်ပါတယ်။ ငလျင် ဗဟိုချက်ရဲ့ တည်နေရာဟာ မြေအောက်ပိုင်း အနည်းငယ်မှ မိုင်ပေါင်း ရာနှင့်ချီပြီး နက်ရှိုင်းတတ် ပါတယ်။ ငလျင် ဗဟိုထိပ်နဲ့ ငလျင် ဗဟိုချက်က အနီးဆုံး ဖြစ်နေရင်တော့ ငလျင်ဒဏ်ကို အခံရဆုံး ဖြစ်သွား မှာပါ။ ဝေးရင်တော့ ငလျင်အားနည်းသွာမှာ ဖြစ်ပါတယ်။
ငလျင် မလှုပ်ခင် လက္ခဏာများ....
အားပြင်းထန်တဲ့ ငလျင်မျိုးမလှုပ်ခင်မှာ ငလျင်ငယ်လေးတွေ လှုပ်ရှားတတ်တယ်။ ဒီလို ငလျင်မျိုးကိုတော့
ရှေ့ပြေးငလျင် (Fore Shocks) လို့ ခေါ်ပါတယ်။ သို့သော် တစ်ခါတစ်ရံမှာ ရှေ့ပြေးငလျင်မလှုပ်တော့ဘဲ ငလျင်ကြီးကို တစ်ခါတည်း လှုပ်တတ်ပါတယ်။
ဒီလို ငလျင်ကြီးတွေ လှုပ်ပြီးရင်တော့ နောက်ဆက်တွဲ ငလျင် ငယ်လေးတွေ ဆက်ပြီး လှုပ်တတ်ပါသေးတယ်။
နောက်ဆက်တွဲ ငလျင်ငယ်လေးတွေကိုတော့ (After Shocks) လို့ ခေါ်ပါတယ်။
ငလျင်တွေမှာ မြေပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်တဲ့ ငလျင်မျိုး ရှိသလို ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်အောက်ကို ဗဟိုပြုပြီး လှုပ်ခတ်တာမျိုးတွေလည်း ရှိပါတယ်။ ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်အောက်ကို ဗဟိုပြုပြီး လှုပ်တဲ့ ငလျင်မျိုးကိုတော့ ဆူနာမီလို့ ခေါ်ပါတယ်။
ဂျပန်ဘာသာစကားနဲ့ဆိုရင် ဆူနာမီကို (Tsonami) လို့ ခေါ်ပါတယ်။ မြေငလျင်ကလည်း အိုးအိမ် တိုက်တာတွေကို အပျက်အစီး အသေအပျောက်တွေ ဖြစ်နိုင်သလို ဆူနာမီကလည်း ကမ်းရိုးတန်းဒေသနဲ့ မြို့ရွာများကို ရေလွှမ်းမိုးပြီး ထိခိုက်သေကြေ ပျက်စီးမှုများကိုလည်း ဖြစ်စေပါတယ်။
ဆက်လက်ပြီး ငလျင်အကြောင်း သိကောင်းစရာများကို ရေးသားဖော်ပြပေးသွားမှာမို့ Page ကို See First လေး လုပ်ထားပေးဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါရစေ။
No comments: